စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသန ဌာနစု (QCRS)သည် နိုင်ငံ၏ အာဏာပိုင် တရပ်ဖြစ်ပြီး၊ ၄င်းဌာန စုကို မြန်မာနိုင်ငံမှတင်ပို့သော ရေထွက်ကုန်ပစ္စည်းများအား အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များနှင့် ခိုင်မာသောပြည်ပပို့ကုန်ဈေးကွက်လိုအပ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိမရှိအား စိစစ်ရန် တာဝန်ပေးအပ်ထားပါသည်။ ထို့ကဲ့သို့ စိစစ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်အား ယခုမှစ၍ တရားဝင်ထိန်းချုပ်မှုများ ဟုခေါ်ဆိုသွားပါမည်။

QCRS သည် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်များသို့ ရောက်ရှိရန် ဈေးကွက် ဆိုင်ရာချဉ်းကပ်မှုများကို အထောက် အကူ ပြုပေးရပါသည်။ အထူးအဖြင့် အားလုံးသော လုပ်ငန်း ဆောင်ရွက်မှု များသည် ဆက်စပ်နေသော လိုအပ်ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များနှင့် ရင်းနှီးကျွမ်းဝင် နေစေရန် နှင့် လိုအပ်သော တရားဝင်ထိန်းချုပ်မှုများကို ပွင့်လင်းမြင်သာ၍ ကုန်ကျစရိတ်နှင့်အညီ ထိရောက်ပြီး အချိန်နှင့် တပြေးညီ စီမံဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။


Inspections & Certifications

Licensing
Inspections & Audit
Health Certificates
NRMP / Aquaculture
Approval for export to specific markets
Listing of Primary Producers

Analytical Laboratory
Regulation
Export Requirements