လိုင်စင်

မြန်မာနိုင်ငံရှိ ငါး၊ပုစွန်ရေထွက်ကုန်ပစ္စည်းများအား အေးခဲခြင်း၊ ရေခဲရိုက်ခြင်း၊ အခြောက်ခံခြင်းနှင့် အချဉ်ဖောက်ခြင်းလုပ်ငန်းများအား ပြုပြင်ထုတ်လုပ်နေသော အသေးစားလုပ်ငန်းများ ထက်ကြီးသော ငါး၊ပုစွန်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများသည် ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ အရည်အသွေး ထိန်းသိမ်းရေးနှင့် သုတေသနဌာနစုတွင် လိုင်စင်ပြုလုပ်လျှောက်ထားရန် လိုအပ်ပါသည်။

Myanmar Department of Fisheries Directive 1/2010 on Licensing of processing plants, landing sites and auction markets

ငါးလုပ်ငန်းဦးစီးဌာနမှ ငါး/ပုစွန်ပြုပြင်ထုတ်လုပ်မှု လိုင်စင်ထုတ်ပေးရာတွင် စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားဝင် လုပ်ငန်း လိုင်စင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် ၂/၂၀၁၅ တွင် ပါဝင်သော အချက်အလက်များအား လိုက်နာဆောင်ရွက်မှ ထုတ်ပေးမည် ဖြစ်ပါသည်။ ညွှန်ကြားချက် ၂/၂၀၁၅ တွင်ပါဝင်သော အချက်အလက်များအား လိုက်နာဆောင်ရွက်ခြင်းရှိမရှိအား QCRS မှ စစ်ဆေး ရေးမှူးများက သွားရောက်စစ်ဆေးမည်ဖြစ်ပါသည်။