ဖွဲ့စည်းပုံ

QCRS တရားဝင်ထိန်းချုပ်မှုစနစ်သည်ခိုင်မာသောပြည်ပပို့ကုန်ဈေးကွက်များ၏ လိုက်နာဆောင်ရွက်ရမည့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သော ရေထွက်ပစ္စည်းများကို စစ်ဆေးရန် လိုအပ်သော တရားဝင်ထိန်းချုပ်မှု လုပ်ငန်းအားလုံးနှင့် အကျုံး ဝင်ပါ သည်။ တရားဝင်ထိန်းချုပ်မှု လုပ်ငန်းများသည် မွေးမြူသည်မှ စားသုံးသူအထိတိုင် မူဝါဒကို လွှမ်းခြုံထားသည် နှင့်အညီ ရေလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များကို မွေးမြူခြင်း၊ ကမ်းနီးငါးဖမ်းဆီးခြင်း၊ ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင် ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းအပါအဝင် ၊ လုပ်ငန်းစဉ်တလျှောက်လုံးအား တာဝန်ယူ ဆောင် ရွက်ရပါသည်။ တရားဝင်ထိန်းချုပ်မှုလုပ်ငန်းတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့်မွေးမြူရေးလုပ်ငန်း အတွက် အထူးအဖြင့် တိရစ္ဆာန် အစားအစာ၊ ဓါတုဆေးဝါးနှင့် တိရစ္ဆာန်ဆေးပညာရပ်ဆိုင်ရာ ကုသဆေးဝါးများ ကို လည်း ထိန်းချုပ်ပါသည်။